Local News

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် Seoul food Week 2022 နှင့် စားသောက်ကုန်ကဏ္ဍလေ့လာရေးခရီးစဉ်သို့ပါဝင်တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

Last Updated:

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Seoul Food Week 2022  နှင့် စားသောက်ကုန်ကဏ္ဍ လေ့လာရေးခရီးစဉ်သို့ ပါဝင်တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်၍ စားသောက်ကုန်ထုတ်လုပ် သည့် လုပ်ငန်းရှင်များပါဝင်သော အဖွဲ့ဝင် (၁၂) ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်အမှတ် (8M 081) ဖြင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

နည်းပညာရရှိရေးဆောင်ရွက်မည်

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ Jeonju မြို့သို့ သွားရောက် ၍ ကိုရီးယားစားသောက်ကုန်သုတေသနဌာန KFRI တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ဆွေးနွေးဖလှယ်ကြမည်ဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများသို့လည်း လေ့လာရေး ခရီးသွားရောက်ကြမည်ဖြစ်သည်။

ဈေးကွက်ရရှိရေးဆောင်ရွက်မည်

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ COEX တွင် ကျင်းပပြုလုပ်မည့် Seoul Food Week 2022 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်း၌ ကိုရီးယားဈေးကွက် အလားအလာရှိ မြန်မာ့စားသောက်ကုန်များကို ဈေးကွက်သစ်များတိုးချဲ့နိုင်ရန် ပါဝင်ပြသ သွားမည်ဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Category: Local News